Xiaomi Theme Editor လေးပါ
#miui 9.5 နဲ့အထက်တွေကတော့ theme editor update နဲ့ပြင်သုံးကြည့်ကြပေါ့။အဆင်ပြေတဲ့သူ
တွေရှိသလို ခနပဲအသုံးခံတာတွေလဲရှိနေကြပါတယ်
#Notch ကတော့ Lock Screen မှာပဲပါမယ်။
ကျန်တာကတော့ပုံတွေထဲကအတိုင်းပဲ ကြိုက်တယ်
ဆိုရင်ဒေါင်းသုံးကြည့်
Download Link Here
**Black & Rainbow Mix**
https://www.mediafire.com/download/qzgd72t0deu1wu7
My Blog App
ကျွန်တော့ရဲ့ "မိုးကုတ်သားလေးနည်းပညာ (HSK-Mobile) ကို Android ဖုန်းထဲကနေ
အလွယ်တကူ ကြည့်ရှု့နိုင်ရန်အတွက် အောက်က link မှာ ယူနိုင်ပါသည်။

Android ဖုန်းနှင့်ပတ်သက်သမျှ အနည်းဆုံးသိထားသင့်သည့် ဗဟုသုတ
✏ ✏ ✏ Android✏ ✏ ✏ Androidကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့ Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel, ClockworkMod, Flashing , Rooting , Basebandစသဖြင့် စာလုံး အထူး အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့ သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့် အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့ အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား ရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊ တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက်Open Source ဖြစ်တဲ့ Android က မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်။
✏ ✏ Bootloaderဆိုတာဘာလဲ✏ ✏
Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ တည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point ပါပဲ။
Bootloader ဘယ်လိုအလုပ်လုပ်တာလဲ
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot Strap Firmware ထဲမှာ MBR and GRUB/LILO
တို့ပါဝင်တယ်၊ Bootloader အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို 0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c ဖိုင် စ
အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board, keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux Kernel image ကို Memory ကနေ ၀င်တင်မယ်၊
Bootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့ အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက် ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Android ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊ ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို
သူတို့ထုတ်လုပ်တဲ့ဖုန်းကို သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom ROM Install
လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်။

Kernelဆိုတာဘာလဲ✏ ✏ ✏
Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High Level Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊
ခု ပြောမှာက Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊ Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux Operation System က သုံးတဲ့
Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android Kernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊ ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက် သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ မဟုတ်ပါဘူး၊ ဒီကိစ္စက လဲ အရေးကြီးပါတယ်။
Kernel ရဲ့ အဓီက အလုပ်က Hardware ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲ တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊ Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့ အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာကဖုန်းက လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့ စသဖြင့်
အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ Kernal က တဆင့် Hardware ကို
လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာ ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ် မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ် ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware ကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ် Hardware ကိုပြန်ပေးပါတယ်၊
အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက် အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို ခိုင်းစေရမှာဖြစ်ပါတယ်၊
Kernel က ကြားခံ ပေးထားတဲ့အတွက် Application Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက်
အလုပ်လုပ်ဖို့သာ Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop လုပ်ပေးစရာလို့ပါတယ်။

CWM ဆိုတာ ဘာလဲ✏ ✏ ✏
CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊
CWM recovery လုပ်ခြင်းအားဖြင့် Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့် အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Androidအခြေခံ အဆင့် ကို နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင်အခက်အခဲ တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း memory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ Boot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင် ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ် zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလိုအချက်လောက်သာလျှင်လုပ်နိုင်တာပါCustom Recovery ကတော့ သူမတူတဲ့ အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery လိုမဟုတ်ပဲ StockRecovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ် ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့ Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမဝင် ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင် အသုံးပြုခြင်း User Data အပါအဝင် ဖုန်း Partition တွေအားလုံးကို ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာ စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊ ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android ROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်။

Firmware နဲ့ ပက်သက်သမျှ✏ ✏ ✏
Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software program ကိုဆိုလိုပါတယ်၊ Window computer တွေမှာသုံးတဲ့ window7 install လုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့ Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို Android Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့ Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊ တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory ကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့ သဘောပေါ့၊ ဒါဆိုရင်
ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Update လုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmware ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ Firmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊ အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read Only Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့ Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flash meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊ ဒါ့ကြောင့်
firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့။

Flashing ဆိုတာဘာလဲ✏ ✏ ✏
Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware ထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data တွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMs အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့ Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited ၀င်ဆောင်မှူကို ရရှိနိုင်ပါတယ်။
Rooting ဆိုတာဘာလဲ✏ ✏ ✏
Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root access လုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့ အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့ Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper Text Transfer Protocol) DHCP (Dynamic Host Configuration
Protocol) (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲက ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary commands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သော အချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ
Rooting လုပ်တယ်လဲခေါ်ပါတယ် ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software restrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့ အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့
သူတို့ပစ္စည်းကို အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Android ဖုန်း (သို့) Tablet ကို သုံးတဲ့သူ
လိုအပ်တဲ့ ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့ ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလို အကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access ရဖို့ကြိုးစားကြပါတယ်၊
Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက ကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက် မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting
လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလို ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ✏ ✏ ✏ ✏
Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM က ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ Software Restriction တွေထည့်သွင်းထားတဲ့ အတွက်
စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့ Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS Version တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device တစ်ခုလုံးကို
အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊ Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ဖြစ်ခြင်းနဲ့ Software Restriction
တွေမပါခြင်းပါပဲ၊ ဒီတော့ Custom ဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက် Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက် ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက် ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလို စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROMလို့ခေါ်တာပါ။

ADB ဆိုတာဘာလဲ✏ ✏ ✏ ✏
ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲ သူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့ တံတားတစ်စင်းပါ၊ Android Phone က Linux Kernel
ကို အခြေခံထားပါတယ်၊ ဒီတော့ computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Client ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကို
အလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ ဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊ ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့ ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB ရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး။

Baseband ဆိုတာဘာလဲ✏ ✏ ✏ ✏
Baseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်း Version နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊ Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့ ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ တတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့) Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့
network နဲ့ bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊ Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions တွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍ ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့
ပြသနာမျိုး Android Device မှာ တွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊ Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို ပိုမိုကောင်းမွန်လာ မှာ
ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ ရှော့ချပေးနိုင်ပါတယ်၊ ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsets တွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက Develop လုပ်ကြပါတယ်

Credit > Brighter Myanmar
Huawei Test Point Tool
Huawei Boardfirmware ရေးတဲ့နေရာမှာ သုံးရမဲ့ Test Point လေးတွေကိုကြည့်နိုင်မဲ့
Tool ဖြစ်ပါတယ်။ Model အစုံမပါပေမယ့် လတ်တလောမှာ အသုံးများဆုံး model
လေးတွေဖြစ်တကြောင့် လိုအပ်ပါက ရယူအသုံးပြုနိုင်ပါတယ်။
အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်။
***********************************************************
Download Test Point Tool

cedit - Ko Aung Thu Ya

Phone တလုံးကိုင်ဆောင်ထားကြတဲ့ ကိုကို/မမ ညီလေး/ညီမလေး အားလုံးသိထားသင့်ပါတယ်
´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´
Android Phone ကိုင်ဆောင်သူတွေအတွက် လျှို့ဝှက် ကုဒ်လေးတွေ ဖြစ်ပါတယ်။ အောက်မှာ စမ်းသပ်ကြည့်နိုင်ပါတယ်။
1. Test လုပ်ရန် ကုဒ်များ
------------------------------
*#*#0588#*#* - Proximity sensor test
*#*#2664#*#* - Touch screen test
*#*#2663#*#* - Touch screen version
*#*#0*#*#* - LCD test
*#*#0673#*#* (or) *#*#0289#*#* - Melody test
*#*#0842#*#* - Device test (Vibration test and BackLight test)
*#*#3264#*#* - RAM version
*#*#0283#*#* - Packet Loopback
*#*#232331#*#* - Bluetooth test
*#*#232337#*# - Bluetooth device address ကိုပြခြင်း
*#*#232338#*#* -WiFi MAC address ကိုပြန်ချင်း
*#*#1472365#*#* - GPS test
*#*#1575#*#* - အခြား GPS test
2. Firmware အချက်အလက်ကြည့်ခြင်း
------------------------------------------------
*#*#1234#*#* - PDA and Phone
*#*#1111#*#* - FTA SW Version
*#*#2222#*#* - FTA HW Version
*#*#44336#*#* - PDA, Phone, CSC, Build Time, Changelist number
*#*#4986*2650468#*#* - PDA, Phone, H/W, RFCallDate
3. Backup လုပ်ရန် ကုဒ်
-------------------------------
*#*#273283*255*663282*#*#*
4. Service mode
------------------------
*#*#197328640#*#*
5. End Call / Power button ပြောင်းလဲခြင်း
-------------------------------------------------------
*#*#7594#*#*
6. Reset လုပ်ခြင်း
------------------------
*2767*3855# - Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပျက်ကုန်ပါမည်။
*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Download လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ပစ်ပါသည်။
7. ဖုန်း၏ information ကြည့်ရှုရန်
-------------------------------------------
*#*#4636#*#* - battery information, battery history, phone information, usage statistics
(မှတ်ချက် - - Android Phone တိုင်းတွင် ရသည်ဟူ၍မဟုတ်၊ တချို့ဖုန်းများ ကုဒ်နံပါတ်နှင့် အဆင်မပြေဖြစ်တတ်သည်။
Ghost Push Killer PRO v 2.3 (MPPG)
ယခင် ဘားရှင်းမှာ Cleaning Virus မှာ ကြာနေတဲ့ ပြဿနာ ကို ရှင်းလင်းပေးထားပါတယ်။
Virus Packages အသစ်တွေ ထပ်တိုးပေးထားပါတယ်။
Firmware မကျအောင်-
Wifi မျပျက်အောင် သေချာစီစဉ်ပေးထားပါတယ်
Download Here: Ghost Push Killer PRO v 2.3
1. ယခု Application ကို Window OS ပေါ်တွင်သာ အသုံးပြုနိုင်သည်။
2. အသုံးပြုမည့် Window PC တွင် Miscrosoft Dot Net Framework 4.5 Install ပြုလုပ်ထားရမည်။
Microsoft .NET Framework 4.5
3. Application ကို Run As Adminstrator ဖြင့်သာ အသုံးပြုရမည်။
4. Virus သတ်လိုသော device ကို Root ဖေါက်ထားရမည် ။
Tool မှ root access ရကြောင်းပြသော်လည်း system R/W မရလျှင် Virus သတ်လို့မရပါ။

Root ဖောက်နည်းများ
Kingroot v4.62 Apk နောက်ဆုံးထွက်ရှိ မိတ်ဆွေတို့ မေးနေကျအတိုင်း ဘယ်ဖုန်းအမျိုးအစား root လုပ်ပေးနိုင်သလဲ...? Root ပေးနိုင်တဲ့ Devices List ကို တခါတည်းဖော်ပြပေးလိုက်ပါတယ်
Android ဖုန်းထဲမှာတင် One Click နဲ့ Root ဖောက်နိုင်တဲ့ apk တွေထဲမှာ နာမည်ကြီးလာတဲ့ Kingroot v4.62 Apk နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်။ မိတ်ဆွေ များ မေးနေကျအတိုင်း ဘယ်ဖုန်းအမျိုးအစား root လုပ်ပေးနိုင်သလဲ...? ဆိုတာ နောက်ဆုံးဗါးရှင်း ရဲ့ တစ်ခုချင်းစီ Root ပေးနိုင်တဲ့ Devices List ကို တခါတည်းဖော်ပြပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့ Supported Devices List မှာ ဆက်လက်လေ့လာကြည့်ကြရအောင်..
King Root v4.5.2 Apk
King Root v4.5.2 Apk
Download KingRoot V4.6.5
Download KingRoot V4.6.2
Download KingRootV4.6.0apk
Download KingRoot V4.5.0apk
Kingroot 4.1.0.703 Apk
Download KingRootV4.1.0.524
Download KingRootV4.1.0.249
Download KingRootV4.1.0.245
Download KingRootV4.0.1.237
DownlKingroot 4.0.0.233 APK
XIAOMI'S (OR) MI PHONES များအတွက် ROOT ပြုလုပ်နည်း + မြန်မာ FONT ထည့်သွင်းနည်း
မြန်မာစာဖောင့်ကို MI Phones အတော်များများမှာ ထည့်သွင်းအသုံးပြုလို့ရမယ့် နည်းလမ်းလေးတွေ ရေးပေးလိုက်ပါတယ်…
ကျွန်တော်စာရေးရတာ အလွန်ပျင်းပါသည်… သို့သော် လူတိုင်းမေးနေကြတာကလည်း ဒီမေးခွန်းပဲ ဖြစ်ပါတယ်… ဒါကြောင့် ဒါလေးရေးဖို့ ဆုံးဖြတ်လိုက်ပါသည်…..
မြန်မာစာဖောင့်ထည့်ရန် နှင့် Root လုပ်ရန်အတွက် ဒီနည်းလမ်းတွေကိုတော့ လုပ်တတ်ရန် လိုအပ်ပါသည်….
မြန်မာဖောင့်သီးသန့်ရချင်ရင်တော့ ဒါလေးကို ဒေါင်းလိုက်ပီး သူ့အဆင့်အတိုင်း လုပ်လိုက်တာနဲ့ အဆင်ပြေပါသည်….
မှတ်ချက်။ တချို့ဖုန်းများတွင် လုပ်လို့မရပါ... ဒါကြောင့် အောက်ကရေးထားသော ဒုတိယနည်းလမ်းကို အသုံးပြုပါရန်...
Download iFont apk
အဲ့ဒါလေးကို ဒေါင်းလိုက်ပါ… ပြီးရင် Install လုပ်ပါ...
၁။ အနီရောင်အ၀ိုင်းလေးထဲမှာ ‘my’ ဆိုတာလေးကို နှိပ်လိုက်ပါ….
၂။ အာက်ဘက်ထဲမှာ မြန်မာစာဖောင့် ၆ မျိုး ၇ မျိုးလောက်ပါဝင်ပါတယ် အဆင်ပြေတာကို သွင်းလို့ရပါတယ်…
၃။ လိုချင်တဲ့ဖောင့်ကို တွေ့ပီဆိုရင် Enter နှိပ်ပါ။
၎။ Download ဆိုပီး ပေါ်လာရင် Enter နှိပ်ပါ
၅။ Set ဆိုပီး ပေါ်လာပါလိမ့်မယ် Enter နှိပ်ပါ
၆။ New Box လေး ပေါ်လာပါလိမ့်မယ် OK နှိပ်
၇။ New Box လေး ပေါ်လာပါလိမ့်မယ် OK နှိပ်
၈။ Theme ထဲကို ရောက်သွားပါလိမ့်မယ်.. Catagory ထဲက Edit Theme > ဆိုတာကို နှိပ်လိုက်ပီးလိုက် Font ဆိုတဲ့နေရာပါတဲ့ Page လေး ပေါ်လာပါလာလိမ့်မယ်… Font ကို ရွေးလိုက်ပါ...
၉။ သင့် iFont ကနေ ဒေါင်းလော့လုပ်ထားတဲ့ မြန်မာစာဖောင့်ကို အဲဒီ့ထဲကနေ ရွေးပီး Apply လုပ်ပေးလိုက်ပါ...
၁၀။ သင့်ရဲ့ ဖုန်းမှာ မြန်မာလို မြင်ရပါပီ…
ကီးဘုတ်အတွက်ကတော့ Frozen နဲ့ Bagan ကို ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်ပါတယ်..
Root လုပ်ရန်
Download kyaw San Moe
Download kyaw San Moe
Download kyaw San Moe
၁။ သင့်ဖုန်းရဲ့ Updater ကိုသွားပီး Menu Key ကိုနှိပ်ပါ၊ Install Select Package ကို ရွေးပါ...
၂။ သင့်ဖုန်းအတွက် ဒေါင်းလော့ချထားတဲ့ Root zip ဖိုင်ကို ရွေးပီး OK နှိပ်ပါ...
၃။ Reboot ကျပီး ပြန်တက်လာလျှင် သင့်ဖုန်း Rooted ဖြစ်ပါပြီ... သို့သော် Security > Permission > Root Permission > On ပေးရန်တော့ လိုအပ်ပါသည်..
၎။ သင့်ဖုန်းလေး အထက်ပါအဆင့်ဆင့် လုပ်ဆောင်ပီးပါက Root Access လိုအပ်သော Apps များကို ထည့်သွင်း အသုံးပြုနိုင်ပါပြီ….
၅။ သင်သုံးချင်သော Apps များကို Install လုပ်လိုက်ပါ... ပြီးလျှင် ဖွင့်လိုက်ပါ.... Root Access လိုတယ်လို့ ပြောပါလိမ့်မယ်.. အဲဒီ့အချိန်ကျလျင် Security > Permission > Root access ဆိုတဲ့နေရာမှာ ခုနက Root access လိုတယ်လို့ ပြောနေတဲ့ App လေးကို တွေ့ပါလိမ့်မယ် On ပေးလိုက်ပါ... ပြီးလျှင် ထို App ကို ပြန်ဖွင့် အသုံးပြုလို့ရသွားတာကို တွေ့ရပါလိမ့်မယ်…. ဒီနေရာကို နည်းနည်းရှည်ရှည် ရှင်းပြရတာက MM font changer တွေ ထည့်ရင် မလွှဲမသွေ ကြုံရမယ့် နေရာဖြစ်နေလို့ပါ…. Font changer သုံးမယ့် သူငယ်ချင်းများ Smart Zawgyi မှ အဆင်ပြေပါမယ်….ကြိုတင်ပြောပြပေးထားတယ်… အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ…
မြန်မာစာဖောင့် MM font changer for rooted ph:
Download ZFC:kyaw San Moe
MM Aio: Download kyaw SanMoe
MMAS Zawgyifont Changer:
အားလုံးအဆင်ပြေပါစေ
ADB Command အကြောင်း
ဟိုတစ်နေ့က ADB Command နဲ့ Android Application ကို Install လုပ်နည်းအကြောင်း ဖြစ်ပါတယ်.. တကယ်တော့ ADB Command ဟာ Application Install လုပ်တာတစ်ခုတည်း အသုံးတည့်တာ မဟုတ်ပါဘူး.. အခြား အရေးကြီးလုပ်ငန်းတွေမှာ အသုံးပြုတာဖြစ်ပါတယ်.. ရှုပ်သွားမှာစိုးလို့ မပြောဖြစ်ခဲ့ပါဘူး..
ADB Command နဲ့ လုပ်ဆောင်နိုင်တဲ့အချက်များကတော့-
-device ကို သိမသိစစ်ခြင်း
-device က root acess ရမရ
-device ထဲကိုဆော့ဝဲသွင်း /ဖျက်
-device ထဲကို ကွန်ပျူတာကနေ ဖိုင်လှမ်းသွင်း
device ထဲကဖိုင်တွေကိုကွန်ပျူတာထဲကိုလှမ်းထုတ်
-Partition အစိတ်အပိုင်းများကိုကြည့်ရှုခြင်း
နှင့် အခြားကိစ္စရပ်များစွာအတွက်အသုံးပြုနိုင်ပါတယ်။
ကဲ ဒါဆိုရင် အဲဒီ Command Line များအကြောင်းကိုသိချင်လာရောပေါ့.. အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်..
Useful ADB Commands
——————————–
Command 1 (ဖုန်းက ကွန်ပျူတာမှာချိတ်ထားတာကိုသိ/မသိ စစ်ချင်ရင်)
—————————-
adb devices
—————————-
Command 2 ( ဖုန်းက root လုပ်ထား/မထားကိုစစ်ချင်ရင်)
——————————–
adb shell su
——————————
Command 3 ( ဖုန်းကို ကွန်ပျူတာကနေ တိုက်ရိုက် reboot ချချင်ရင်)
——————————–
adb reboot
——————————–
Command 4 ( ဖုန်းရဲ့ recovery mode ထဲကို adb command သုံးပြီးဝင်ချင်ရင်)
——————————-
adb reboot recovery
——————————
Command 5 (ဖုန်းထဲကို ဆော့ဝဲ/ဂိမ်းသွင်းချင်ရင်)
——————————
adb install facebook.apk
—————————–
Command 6 ( ဖုန်းထဲကရှိနေပြီးသားဆော့ဝဲနေရမှာ ယင်းဆော့ဝဲကိုထပ်သွင်းချင်ရင်)
——————————
adb install -r facebook.apk
-r means reinstall
——————————-
Command 7 (ဆော့ဝဲကို ဖုန်းထဲမှာမသွင်းဘဲ ဖုန်းရဲ့ sd card ထဲမှာရွှေ့ပြီး install လုပ်ချင်ရင်)
——————————-
adb install -s facebook.apk
——————————–
Command 8 (ဖုန်းထဲကဆော့ဝဲကို uninstall လုပ်ချင်ရင်)
————————————-
adb uninstall com.facebook.katana
————————————
Command 9 (ကွန်ပျူတာထဲကဖိုင်ကို ဖုန်းရဲ့ Directory/storage ထဲကိုလှမ်းထည့်ချင်ရင်)
—————————————
adb[space]push[space][file name.file extension][space]/[Mobile Directory]/[File name.file extension]
adb push update.zip /sdcard/update.zip
adb push proxy.apk /sdcard/proxy.apk
adb push mypic.jpg /sdcard/mypic.jpg
—————————————–
Command 10 (ဖုန်းထဲကဖိုင်ကို ကွန်ပျူတာထဲကိုလှမ်းထုတ်မယ်)
———————————————————
adb pull /sdcard/proxy.apk C:\Users\smartboy\Desktop\proxy.apk
Command 11 (Fastboot ကို ကွန်ပျူတာကနေ၀င်ချင်ရင်)
————————————————————
adb reboot bootloader
———————————————————–
Command 12 (ဖုန်းတွင်း system partition ရဲ့ partition block ဖော်ကြည့်ချင်ရင်)
———————————————————
adb shell cat /proc/partitions
adb[space]shell[space]cat[space]/proc/partitions
ကဲ… ဒီလောက်ဆိုရင် ADB Command များနဲ့အသုံးပြုပုံအကြောင်းကို သိရှိကြပြီလို့ထင်ပါတယ်။
အဆင်ပြေပါစေ..

ဖုန်း Partitions များခွဲခြမ်းကြည့်ရအောင်
ကျွန်နော် သိထားသလောက်ဖုန်း partitions ခွဲခြမ်းကြည့်စိတ်ဖြာကြည့်ထားတာပါ. . .
အမှားအယွင်းလေးတွေပါရင်လည်း
ပြောပြကြပါဦး ဆရာများခဗျာ. . .
အမှားအယွင်းလေးတွေပါရင်လည်း
ပြောပြကြပါဦး ဆရာများခဗျာ. . .
Android Partitions (General)
-------------------------------------
Userdata (app, call log, sms )
System
Internal Storage
Userdata (app, call log, sms )
System
Internal Storage
Android Partitions (Detail)
---------------------------------
Boot (Power ပိတ်လိုက်တဲ့အချိန်ကစ ဖုန်းကိုပြန်ပြီးတော့ ပါဝါဖွင့်တဲ့အချိန်အထိ)
Recovery
EFS/IMEI
Userdata
SD
SD_EXT
System
.......

1.Boot
2.System (Default calling state)
3.Recovery (Second Calling state)
2.System (Default calling state)
3.Recovery (Second Calling state)
အားလုံးကိုလေးစားလျှက်...
Huawei Recovery Mode ပြောင်းနည်း
stock-clockworkmod, clockworkmod-stock တို့ကို recovery mode မှပြောင်းလဲခြင်းနည်းလေးပါ...(((( မသိသေးသောသူများအတွက်သာရည်ရွယ်ပါသည်))))
ကျွန်တော်တို့ stock-clockworkmod, clockworkmod-stock စသည်တို့ကို recovery mode ကနေ ပြောင်းလဲလို့ရပါတယ်။ update zip file နဲ့ပါ။
ကျွန်တော်တို့ အနေနဲ့ သိထားရမှာက recovery က ဖုန်းရဲ့  ဘယ် block မှာ သွားပြီးနေရာယူထားလဲဆိုတာပါပဲ။ အဲ့တာလည်း သိဖို့သိပ်မခက်ပါဘူး။
(((Root Explorer.apk လေးသုံးပြီးကြည့်ရင်သိပါတယ်...
Root Explorer ထဲက /system/dev/block ထဲဝင်ပြီး by name နဲ့ကြည့်)))
ပထမဆုံးတော့ ကျွန်တော်တို့ Huawei update extractor ကိုဖွင့်ရပါမယ်။ ပြီးရင်တော့ ဒီတစ်ခါကျရင်တော့ xml file ကိုရွေးပေးရပါတော့မယ်။
ကျွန်တော်တို့ဖုန်းက Huawei model C8813, C8813D အစရှိသဖြင့် ဖြစ်နေမယ်ဆိုရင်တော့ xml file မှာ G520-0100 ကိုရွေးပေးရပါမယ်။
ကျွန်တော်တို့ ဖုန်းက p1, p6 တို့များဖြစ်နေခဲ့မယ်ဆိုရင် သက်ဆိုင်ရာ xml file တွေကို ရွေးပေးပါ။ ပြီးရင် extractor ကနေ update.app ကိုရွေပေးပါ။
ပြီးရင် ရလာတဲ့ထဲကမှ recovery image ပေါ်တွင် right click နှိပ်ပြီး Creat flashable zip ကိုရွေးပေးပါ။
save dialog box ကျလာလျှင် name တစ်ခုခုပေးပြီး save မှတ်လိုက်ပါ။ ပြီးရင် ကျွန်တော်တို့ရဲ့  zip file လေးကိုဖွင့်ကြည့်လိုက်ပါ။
အောက်ပါလမ်းကြောင်းအတိုင်း အဆင့်ဆင့် ၀င်သွားပေးပါ။

META-INF\com\google\android\updater-script လေးကို double click နှိပ်ပြီးဖွင့်လိုက်ပါ။
open with dialoag box ပေါ်လာရင် notpad ကိုရွေးလိုက်ပါ။အောက်ပါစာအတိုင်းပေါ်လာပါလိမ့်မယ်။
ui_print("Flashing recovery.img ...");
package_extract_file("recovery.img", "/dev/block/mmcblk0p13");

နောက်ဆုံးမှာ ကျွန်တော်တို့ တွေ့ရတဲ့ block လမ်းကြောင်းက ဖုန်းရဲ့  recovery block နဲ့ကိုက်ရပါမယ်။ အဲ့တာမှန်ရင်တော့ ဒီ zip file ကို
စိတ်ချလက်ချအသုံးပြုလို့ရပါပီ။ အဲ့နေရာမှာ block မှားနေရင် အနောက်ဆုံးက 13 ဆိုတဲ့နေရာမှာ မိမိဖုန်း recovery block ရဲ့  no ကိုဝင်ချိန်းပေးပြီး
save လုပ်လိုက်ပါ။

ပြီးရင်တော့ ကျွန်တော်တို့ recovery mode ၀င်ပြီး apply update from sd ကနေ တင်လို့ရပါပီ ။
အားလုံးကိုလေးစားလျှက်....
Coolpad ဖုန်းများအတွက် Factory Mode Error ရှင်းနည်း
Coolpad 7298D လေးပါ. . .
Firmware တင်pတော့ Power ဖွင့်လိုက်ရင်
Factory Mode ထဲဝင်ဝင်သွားတယ်. . .
နောက်ဆုံးတော့. . . . . . . . .
Firmware တင်pတော့ Power ဖွင့်လိုက်ရင်
Factory Mode ထဲဝင်ဝင်သွားတယ်. . .
နောက်ဆုံးတော့. . . . . . . . .
Custom Rom ဆိုတာ ဘာလဲ?
Android ထုတ်ကုန် အသုံးပြုသူများအနေနဲ့ Android နဲ့သက်ဆိုင်တဲ့ သတင်းဝက်ဘ်ဆိုက်တွေထံ လည်ပတ်ရောက်ရှိတဲ့အခါမှာ ROM တွေရဲ့အကြောင်းကို ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် Android အသုံးပြုသူအများစုဟာ ROM တွေရဲ့အကြောင်းကို နားလည်သိရှိကြပေမယ့် အချို့သောသူများကတော့ ROM တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိကြပါဘူး။
ဒါကြောင့် custom ROM တွေရဲ့အကြောင်းကို မသိသေးသူများအတွက် custom ROM ကိုအသုံးပြုရာမှာ သိထားသင့်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ဆိုတာ ဘာလဲဆိုတာ ရှင်းပြပါမယ်။ ROM ဆိုတဲ့အသုံးအနှုန်းဟာ သိုလှောင်မှုချစ်ပ်တွေပါဝင်တဲ့ Read-Only-Memory ကို အတိုကောက်ခေါ်ဆိုထားခြင်း ဖြစ်ပါတယ်။ ROM ပါဝင်တဲ့ Gameboy ဂိမ်းတွေမှာ ဂိမ်းတွေကို Save လုပ်ဖို့အတွက် သီးခြားနေရာရှိပေမယ့် ဂိမ်းတွေကတော့ Read-Only ဖြစ်တဲ့အတွက် modify ပြုလုပ်နိုင်ခြင်း မရှိပါဘူး။ ဒီအသုံးအနှုန်းကို Android မှာ ရည်ညွှန်းအသုံးပြုတဲ့အခါမှာတော့ Firmware လို့ သုံးနှုန်းတာ အနီးစပ်ဆုံးမှန်ကန်တယ်လို့ ဆိုရပါမယ်။ ROM ကို Android ထုတ်ကုန်တွေမှာ install လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ Android software/system file တွေကိုဖျက်ခြင်း (သို့) လက်ရှိ ဖိုင်အဟောင်းကို အသစ်နဲ့အစားထိုးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကွန်ပျူတာ operating system (Windows 7, OS X, Linux) တို့ကို re-install လုပ်တဲ့ လုပ်ငန်းစဉ်နဲ့ တူညီပါတယ်။
Cusom ROMs ဆိုတာဘာလဲ
Android ROM တွေမှာ stock ROM နဲ့ custom ROM ဆိုပြီး နှစ်မျိုးရှိပါတယ်။ Stock ROM ဆိုတာကတော့ Android ဖုန်းကိုဝယ်ယူတဲ့အခါမှာ ပါဝင်လာတဲ့ဖုန်းရဲ့ operating system ဖြစ်ပါတယ်။ Custom ROM ဆိုတာကတော့ Android ဖြန့်ချိမှုတစ်ခုကို ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပါတယ်။ Google ဟာ Android source code ကို မည်သူမဆို ပြောင်းလဲအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာကြောင့် လူအများဟာ ၎င်း code ကို ကိုယ်တိုင်ပြောင်းလဲကြပြီး fetaure များထည့်သွင်းကြသလို နှစ်သက်ဖွယ်ကောင်းတဲ့ tweak များနဲ့ ပြောင်းလဲဖြန့်ဝေကြပါတယ်။ ဒါကြောင့် custom ROM တစ်ခုကို homescreen ပြောင်းလဲခြင်း၊ background ၀န်ဆောင်မှုများနဲ့ default software စတာတွေပါဝင်တဲ့ Android ကို ထုတ်ကုန်တစ်ခုပေါ်မှာ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် custom code ပြောင်းလဲပြင်ဆင်မှုအချို့ ပြုလုပ်ထားခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ Software ကျွမ်းကျင်ပညာရှင်များဟာ လျင်မြန်ပြီး feature အများစုဖြည့်စွက်ထားတဲ့ ROM တွေကို အတူတကွ ပူးပေါင်းတည်ဆောက်ကြပါတယ်။ လက်ရှိမှာ နာမည်ကျော်နေတဲ့ ROM များကတော့ Android ထုတ်ကုန် ၇၀ ကျော်အတွက် အထောက်အပံ့ပေးတဲ့ CyanogenMod, ပြုပြင်ပြောင်းလဲမှု များစွာပြုလုပ်ထားပြီး ပေါ့ပါးတဲ့ ROM ဖြစ်တဲ့ AOKP အမြင်ကောင်းမွန်အောင် အဓိကထားပြုလုပ်ထားတဲ့ ROM ဖြစ်တဲ့ Android Revolution တို့ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Android တည်ဆောက်မှုများကို သာမန်လူများကသာ ပြုလုပ်ထားခြင်းဖြစ်ပြီး HTC နဲ့ Samsung တို့မှ developer များက ပြုလုပ်ထားခြင်းမျိုး မဟုတ်ပေမယ့် အားနည်းချက်အများအပြားရှိသလို အသုံးပြုတဲ့အခါမှာလည်း အန္တရာယ် မရှိစေပါဘူး။ အချို့သော အခြေအနေများတွင် community များက တည်ဆောက်ထားတဲ့ software တွေဟာ ဆယ်ဆမက ပိုမိုကောင်းမွန်တာကိုတွေ့ရပြီး ဖြန့်ချိတဲ့အချိန်ကလည်း တစ်ခုတစ်ခုဝေးကွာခြင်း မရှိပါဘူး။ Android အသုံးပြုသူများအနေနဲ့ HTC နဲ့ Samsung တို့ရဲ့ လက်ရှိ Software နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘူးဆိုရင် အောက်ဖော်ပြပါ ၀က်ဘ်ဆိုက်များထံ သွားရောက်လည်ပတ်ပြီး လေ့လာနိုင်ပါတယ်။ လက်ရှိ နာမည်ကျော်နေတဲ့ ROM သုံးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- CyanogenMod, http://www.cyanogenmod.com ကတော့ Android ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေမယ့် ROM ဖြစ်ပါတယ်။
- AOKP, http://aokp.co ကလည်း နာမည်ကျော် ROM တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ကုန်အများစုအတွက် အထောက်အပံ့ပေးထားခြင်း မရှိပေမယ့်လည်း လေ့လာရကျိုးနပ်စေမယ့် ROM ဖြစ်ပါတယ်။
- Android Revolution HD, http://forum.xda-developers.com/showthread.php?t=840040 မှာတော့ HTC ထုတ်ကုန်များကို အများစုအထောက်အပံ့ပေးထားပြီး Asus Transformer နဲ့ Galaxy Nexus တို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။

Custom ROM များကို အသုံးပြုခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများ
- Android ဖြန့်ချိမှုအသစ်ကို ရရှိလိုတဲ့အခါမှာ လပေါင်းများစွာ စောင့်ဆိုင်းရပါတယ်။ ဒါပေမယ့် custom ROM developer များကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြန့်ချိပေးနိုင်ပါတယ်။ ဒါ့အပြင် feature သစ်တွေပါဝင်ပြီး အားနည်းချက်တွေကို ပြင်ဆင်ပေးထားတဲ့ update တွေကို မကြာခဏဆိုသလို ဖြန့်ချိတဲ့အတွက် ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေပါတယ်။ Custom ROM အများစုကို update ပြုလုပ်တဲ့အခါမှာလည်း over the air (OTA) ဖြင့်ပြုလုပ်နိုင်တာကြောင့် အရာအားလုံးကို re-install မလုပ်ဘဲ သုံးနိုင်ပါတယ်။
- ဖုန်းကို Root လုပ်ပြီးတဲ့ ROM တစ်ခုကို install လုပ်တဲ့အခါမှာ အလွယ်တကူပြုလုပ်နိုင်ပြီး ဖုန်းနဲ့အတူပါလာတဲ့ stock ROM ကိုလည်း ပြောင်းလဲအသုံးပြုနိုင်စေပါတယ်။
- Custom ROM တစ်ခုကို install လုပ်ဖို့အတွက် Android ထုတ်ကုန်ကို Root လုပ်ထားဖို့လိုပါတယ်။ ဒါမှသာ ဖုန်းပေါ်မှ မလိုအပ်တဲ့အရာများကို ဖယ်ရှားခြင်း၊ ဖုန်းကို မွှေနှောက်အသုံးပြုခြင်းတို့ကို ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Root access လိုအပ်တဲ့ overclocker လိုမျိုး application တွေကိုလည်း အသုံးပြုနိုင်စေပါတယ်။

Custom ROM များရဲ့ စွမ်းဆောင်ရည်
Developer တွေဟာ carrier တွေက ထည့်သွင်းပေးလိုက်တဲ့ app များကဲ့သို့ မလိုအပ်သမျှကို ဖယ်ရှားထားခြင်းနဲ့ kernel ကို အဆင့်မြှင့်တင်ထားမှုများကြောင့် custom ROM တွေရဲ့စွမ်းဆောင်ရည်ဟာ လျင်မြန်ပြီး အသုံးတည့်သလို memory သုံးစွဲမှုကလည်း နည်းပါးရခြင်း ဖြစ်ပါတယ်။

Custom ROM အသုံးပြုရာတွင် သတိပြုရမည့်အချက်များ
- Custom ROM များကို အသုံးပြုတဲ့အခါမှာ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် သတိပြုပြီး အသုံးပြုဖို့လိုပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ထည့်သွင်းခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့ flash လုပ်ငန်းစဉ်ကို ပြုလုပ်တဲ့အခါမှာ အမှားအယွင်းတစ်စုံတစ်ရာနဲ့ တွေ့ကြုံနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ ဖြစ်ပွားမှုနည်းပါးလျက်ရှိပြီး အကယ်၍ အမှားအယွင်းတစ်စုံတစ်ရာနဲ့ ကြုံတွေ့ခဲ့ပါက ယခင်အခြေအနေအတိုင်း restore လုပ်နိုင်ပါတယ်။
- Custom ROM ကို install လုပ်တဲ့အခါမှာ clean wipe ကိုပြုလုပ်ဖို့လိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ လက်ရှိ data တွေအားလုံးကို ဖျက်ပစ်မှာဖြစ်တဲ့အတွက် အရာအားလုံးကို အရင်ဆုံး back up လုပ် ထားရပါမယ်။
- Custom ROM တွေမှာ အားနည်းချက်ရှိနိုင်ပါတယ်။ အကယ်၍ အားနည်းချက်တွေကို ရှာဖွေတွေ့ရှိတဲ့အခါမှာ ROM forum ပေါ်မှာတင်ပြီး မေးမြန်းမှုများပြုလုပ်ကာ အကြံဉာဏ်များရယူနိုင်ပါတယ်။
- ဖုန်းအသစ်တွေနဲ့ ROM အသစ်တွေဟာ အချိန်တိုင်းလိုလို ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဖုန်းနဲ့လိုက်ဖက်မယ့် ROM ကိုရှာဖွေရာမှာ ဖုန်းအမျိုးအစားနဲ့ ROM ကိုရိုက်ထည့်ပြီး အလိုရှိတဲ့ Android ဗားရှင်းကို ရှာဖွေသင့်ပါတယ်။

အသစ်တင်သောပို့စ်များ
ခုတော့ကြောင်းလဲနေပြီ